Ads

Find a teacher

တရုတ်အက္ခရာရဲ့အလှ


တရုတ်ဘာသာကို သင်ယူနေကြသောသူတွေအ​နေနဲ့ တရုတ်စကားလုံးတွေဟာ အက္ခရာတင်မဟုတ်ဘဲ အနုပညာလက်ရာတစ်ခုလည်းဖြစ်တာကို နားလည်​သ​ဘော​ပေါက်​ရမယ်​။ပြီးတော့ တရုတ်အက္ခရာတိုင်းမှာရှိတဲ့ စုတ်ချက်တွေရဲ့အဓိပ္ပါယ်ကိုလှပစွာ ပေါင်းစပ်ထားခြင်းဖြစ်တယ်။အဲ့လိုပြောရခြင်းဟာ တရုတ်အက္ခရာတွေဟာ အမှန်တကယ်ရှိနေတဲ့အရာဝတ္ထုတွေအပေါ်မူတည်ပြီးအချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာလို့ဖြစ်တယ်။ကျွန်ုပ်အဲ့ဒါကို ၁၀၀ ရာခိုင်နှူန်းအမှန်မပြောနိုင်ပေမဲ့ တရုတ်စကားလုံး​တွေနဲ့ပတ်​သက်​ပြီးပြထားတဲ့ ရုပ်​ပြစာအုပ်​​တွေရှိတယ်​။ဥပမာပြောရရင် ''နေ'' နဲ့ ''လ'' ကိုအရင်ကဘယ်လိုရေးသာကြတယ်နဲ့ယနေ့ခေတ်တိုင်​​အောင်​ ဘယ်လိုအဆင့်ဆင့်ပြောင်းလဲတိုးတက်လာတယ်ဆိုတာကို အောက်မှာကြည့်နိုင်ပါတယ်။ 日 နဲ့ 月 ကတော့ယနေ့ခေတ်သုံးတဲ့အက္ခရာတွေဖြစ်တယ်။


နောက်တစ်ခုက အောက်မှာဖော်ပြထားတဲ့ ထူးခြားတဲ့ တရုတ်အက္ခရာတွေပါတဲ့ပုံကိုကျွန်ုပ်ရှာတွေ့ခဲ့တယ်။ထူးခြားပြီး စကားလုံးတစ်ခုမှာ အက္ခရာသုံးလုံးပါတာကြောင့် မှတ်မိရလွယ်တယ်။ဥပမာ 犇 ben1 (အပေါ်ဆုံးဘယ်ဘက်) ရဲ့အဓိပ္ပာယ်ဟာ ''အလျင်လိုခြင်း'' ဖြစ်တယ်။အဲ့ဒါက ''နွား'' လို့အဓိပ္ပာယ်ရတဲ့ 牛 niu3 ဆိုတဲ့ အက္ခရာသုံးခုပါဝင်​ပေါင်းစပ်​ထားတဲ့စကားလုံးဖြစ်တယ်။ဒီက​နေအဓိပ္ပါယ်ကိုပြောရမယ်ဆိုရင် လူတွေဟာ တစ်ခေတ်တခါက ရုံးတက်ရုံးဆင်းချိန်မှာ နွားကိုစီးပြီးအလုပ်လုပ်ကြတယ်လို့ ခန့်မှန်းနိုင်တယ်။ဒီစာကြောင်းဟာ အမှန်မဖြစ်နိုင်ပေမဲ့ စာလုံးတစ်လုံးမှတ်မိနိုင်အောင် အ​ထောက်​အကူပြုတယ်​။

ဒီအကြောင်းအရာကိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။သင်ကြိုက်တယ်ဆိုရင် လွတ်လပ်စွာဝေမျှနိုင်ပါတယ်။သင့်မှာ နောက်ထပ်ထင်မြင်ချက်တွေရှိရင်လည်း အောက်မှာစာချန်ပြီးဝေဖန်ပေးနိုင်ပါတယ်။ကျွနု​ပ်​စာဖတ်​ရတာကိုနှစ်​သက်​တယ်​။

Reference
The Beauty of Chinese Character

Photo credit
Learn NC

Random posts

Videos

Ads

Contact Form

Name

Email *

Message *